Background
Bruno ဟာ ကျုးကျော်ရပ်ကွက်မှာ မွေးဖွားခဲ့ပြီး အသက်ငယ်ငယ်တည်းက တစ်ခြားကလေးတွေထက် စိတ်ထိခိုက်လွယ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုစိတ်ထိခိုက်လွယ်ခဲ့ခြင်းဟာ လွတ်လပ်မှု့ကိုလိုချင်တဲ့ သူရဲ့နှလုံးသားအတွက် အတားအဆီးမဖြစ်ခဲ့ပါဘူး။ တစ်နေ့မှာတော့ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ အက်ဆီးဒင့်တစ်ခုမှာ သူဟာ သူ့သူငယ်ချင်းကို ကယ်တင်ဖို့ကြိုးစားရင်းနဲ့ သူရဲ့ခြေထောက်နှစ်ဖက်လုံးကို ဆုံရှုံးခဲ့ရပါတယ်။ အဲ့ဒီအကြောင်းကို အလွန်ဥာဏ်ပညာကြီးမားတဲ့မြို့မှ ပညာရှင်များကြားသိရတဲ့အခါ Bruno အတွက် နှမြောတသဖြစ်ခဲ့ရပါတယ်။ သူတို့ဟာ Bruno ကို သူတို့မြို့ရဲ့အကောင်းဆုံးနည်းပညာတွေနဲ့ပြုလုပ်ထားတဲ့ ခြေထောက်တစ်စုံကို ပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ Bruno ဟာ သူရဲ့ခြေထောက်ပေါ်ကို တစ်ဖန်ပြန်လည်ရပ်တည်နိုင်ခဲ့ပြီး သူရဲ့နည်းပညာတွေနဲ့ပြုလုပ်ထားတဲ့ခြေထောက်ဟာ လေကဲ့သို့ပြေးလွှားနိုင်တယ်ဆိုတာ သိခဲ့ရပါတယ်။ သူဟာ ပညာရှင်တွေကို ကျေးဇူးဆပ်ခြင်းအားဖြင့် သူ့ရဲ့နောက်ဆုံးထွက်သက်အထိ ပညာရှင်တွေကို ကာကွယ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ပညာရှင်တွေဟာ နောက်တစ်ဖန် Brunoရဲ့ ခြေထောက်နဲ့လိုက်ဖက်တဲ့ ဘောလုံးလက်နက်ကို တီထွင်ပေးခဲ့ပြန်ပါတယ်။ အဲ့ဒီနေ့မှစလို့ သူတို့မြို့ကို ဖြတ်ကျော်ဖို့ကြိုးစားတဲ့သူတိုင်း သူ့ရဲ့မညှာမတာသတ်ဖြတ်ခြင်းကို ခံကြရပါတယ်။ သူ့ကို ရိုးရှင်းစွာပဲ "ကာကွယ်သူ" လို့ခေါ်ကြပါတယ်။
Attributes
Movement Speed - 240
Physical Attack - 116
Magic Power - 0
Armor - 17
Magic Resistance - 10
HP - 2522
Mana - 439
Attack Speed - 0.85
HP Regen - 30
Mana Regen - 15
Basic Attack Crit Rate - 0
Ability Crit Rate - 0
Abilities
Mecha Legs (Passive)Skill တစ်ကြိမ်သုံးတိုင်း သူရဲ့ Critical ထွက်နှုန်းဟာ 4% တက်လာမှာဖြစ်ပါတယ်။ 5ကြိမ်ဆက်တိုက် တိုးလာပေးနိုင်ပါတယ်။
Volley Shot (Skill 1)Cooldown: 10 Mana Cost: 80
Target ကိုဘောလုံးနဲ့ကန်လိုက်တာပါ။ ဘောလုံးကန်ချက်ထိတဲ့ ရန်သူဟာ Physical Damage ကတော့ level အလိုက် 200/230/260/290/320/350 ထိမှာဖြစ်ပြီး Movement Speed 60% လျှော့ကျစေမှာပါ။ ကန်လိုက်တဲ့ဘောလုံးကို သူနဲ့သူရဲ့ အသင်းဖော်တွေက ကောက်ယူနိုင်ပြီး ကောက်ယူလိုက်ပါက ဒီ Skill ရဲ့Cooldown ကို လျော့ကျစေပါတယ်။
Flying Tackle (Skill 2)Cooldown: 7 Mana Cost: 60
သူရဲ့ရှေ့ကို ဆလိုက်ထိုးပါတယ်။ ဆလိုက်ထိတဲ့ရန်သူဟီးရိုးကတော့ မူးသွားစေမှာဖြစ်ပြီး Physical Damage ကတော့ level အလိုက် 140/165/190/215/240/265 ထိမှာဖြစ်ပါတယ်။ သူရဲ့Movement Speed ကိုလည်း တိုးလာစေပါတယ်။
World Wave (Skill 4)Cooldown:38 Mana Cost:140
စွမ်းအင်တွေနဲ့ပြည့်နေတဲ့ဘောလုံးကို ရန်သူဆီကိုကန်လိုက်ပြီး ရန်သူဟီးရိုးကို နောက်သို့အနည်းငယ် ဆုတ်သွားစေပါတယ်။ Physical Damage ကတော့ Level အလိုက် 250/350/450 ထိမှာဖြစ်ပြီး Armor ကလည်း Level အလိုက် 3/6/9 နှုတ်ယူခံရမှာဖြစ်ပါတယ်။ ဘောလုံးကန်ခံရတဲ့ရန်သူအနီးမှာ နောက်ထပ်ရန်သူဟီးရိုးတွေရှိနေပါက ရန်သူတစ်ယောက်နှင့်တစ်ယောက်အကြား ကူးသန်းနေမှာဖြစ်ပါတယ်။ Armor နှုတ်ယူထားတဲ့အချိန်ဟာ 8 စက္ကန့်ကြာမှာဖြစ်ပြီး 3ကြိမ်အထိတိုးလာနိုင်ပါတယ်။
Items Build Of Some Bruno Professional Players










0 comments:
Post a Comment