Background
Refaela ဟာ မည်သည့်ရောဂါကိုမဆို အံသြဖွယ်ရာကောင်းလောက်အောင် ကုသပေးနိုင်တဲ့ ကောင်းကင်နတ်သမီးတစ်ပါးဖြစ်ပါတယ်။ ဆိုလိုရင်းက မိုးတိမ်မိုးသားတွေရှိနေတဲ့အချိန်မှာ နေထွက်လာသကဲ့သို့ သူမရောက်လာတာနဲ့ ဘေးဥပဒ်တွေ နာကျင်မှုတွေ ရောဂါတွေဟာ ကွယ်ပျောက်ရမယ်လို့ဖြစ်ပါတယ်။ အခုတော့ Refaela ဟာ Land Of Dawn ကို သူမရဲ့အံသြဖွယ်ကောင်းတဲ့စွမ်းအင်တွေသုံးပြီး ငြိမ်းချမ်းရေးကိုပြန်လည် အသက်သွင်းဖို့မျှော်လင့်ချက်နဲ့ ရောက်ရှိလာပါတယ်။
Movement Speed - 245
Physical Attack - 117
Magic Power - 0
Armor - 15
Magic Resistance - 10
HP - 2441
Mana - 545
Attack Speed - 0.792
HP Regen - 36
Mana Regen - 23
Basic Attack Crit Rate - 0
Ability Crit - 0
Abilities
Heaven's Blessing (Passive)သူမရဲ့ Damage ထွက်တဲ့ Skill သုံးရင် ရန်သူဟီးရိုးကို 1.5 စက္ကန့် နှေးစေပြီး သွေးဖြည့်တဲ့ skill သုံးရင် ကိုယ့်အသင်းက ဟီးရိုးကို 1စက္ကန့်မြန်သွားစေပါတယ်။
Light Of Retribution (Skill 1)Cooldown: 4 Mana Cost: 70
သူမနဲ့အနီးဆုံးရှိတဲ့ ရန်သူသုံးယောက်ကို Magic Damage level အလိုက် 250/290/340/380/420/460 ထိမှာပါ။ (ရန်သူသုံးယောက်ကို အချိန်တိုအတွင်းထုတ်ဖော်မှာပါ။)
Holy Healing (Skill 2)Cooldown: 10.5 Mana Cost: 100
သူမအပါအ၀င် သူမအနီးနားက သွေးအနည်းဆုံးဖြစ်တဲ့ ကိုယ့်အသင်းကဟီးရိုးတစ်ကောင်ကို level အလိုက် HP 370/410/450/490/530/570 တက်မှာဖြစ်ပြီး ကျန်တဲ့ ကိုယ့်အသင်းကဟီးရိုးတွေကိုတော့ level အလိုက် HP 90/100/110/120/130/140 တက်မှာဖြစ်ပါတယ်။
Holy Baptism (Skill 4)Cooldown: 42 Mana Cost: 150
သူမရဲ့သန့်ရှင်းတဲ့အလင်းတန်းကို ရန်သူတွေဆီပစ်လွှတ်လိုက်ပါတယ်။ အလင်းတန်း ထိမှန်တဲ့ရန်သူတွေကတော့ Magice Damage ကို level အလိုက် 460/560/660 ထိမှာဖြစ်ပြီး 1.5စက္ကန့်ကြာအောင် မူးနေမှာဖြစ်ပါတယ်။
Items Build Of Some Refaela Professional Players










0 comments:
Post a Comment