August 20, 2017

About Ranked Game



Ranked Mode
Ranked Game ကို ကိုယ့်အကောင့် Level (8) ရောက်ပြီး Hero (5)ကောင်ပိုင်ဆိုင်တာနဲ့ စဆော့လို့ရပါပြီ။
Ranked Game မှာ Warrior, Elite, Master, Grand Master, Epic & Legend ဆိုပြီး အဆင့်ခြောက်ခုရှိပါတယ်။ ပွဲနိုင်ရင် ကြယ်တစ်လုံးတက်မှာဖြစ်ပြီး ရှုံးရင်လည်း ကြယ်တစ်လုံးလျော့မှာပါ။ အဆင့်တစ်ခုမှာ ကြယ်အကုန်ပြည့်သွားခဲ့ပြီးနောက် တစ်ပွဲဆက်နိုင်တာနဲ့ နောက်အဆင့်တစ်ခုသို့ တက်သွားမှာဖြစ်ပါတယ်။ Warrior အဆင့်နဲ့ Elite အဆင့်မှာ နောက်တစ်ဆင့်ဆီကို တက်လမ်းဖို့ ကြယ် (10)လုံးစီ လိုအပ်မှာဖြစ်ပါတယ်။ Master အဆင့်မှာတော့ နောက်တစ်ဆင့်ကို တက်လမ်းဖို့ ကြယ် (17)လုံး လိုအပ်မှာဖြစ်ပါတယ်။ Grand Master နဲ့ Epic အဆင့်မှာတော့ နောက်တစ်ဆင့်ကို တက်လမ်းဖို့ ကြယ် (26) လုံးစီ လိုအပ်မှာဖြစ်ပါတယ်။


Ranked Game ကိုဆော့ကြည့်ခြင်း
Ranked Game ဆော့တာနဲ့ System Sever က မိမိနဲ့ အဆင့်တူ Ranked မှာရှိတဲ့ Player တွေနဲ့သာ ပေးတွေ့စေမှာပါ။ သူငယ်ချင်းတွေနဲ့လည်း တွဲဆော့လို့ရပါတယ်။ သို့သော် အဆင့်တစ်ဆင့်ကွာနေရင်တော့ တွဲဆော့လို့ရမှာမဟုတ်ပါဘူး။ ဥပမာ - Master ရောက်နေတဲ့သူက အောက်က Warrior ကသူနဲ့ တွဲဆော့လို့မရပါဘူး။ ကြားထဲမှာ Elite တစ်ဆင့်ကွာနေလို့ပါ။ သူငယ်ချင်း လေးယောက်ဆော့လို့လည်းရမှာ မဟုတ်ပါဘူး။ သူငယ်ချင်း နှစ်ယောက်တွဲ၊ သုံးယောက်တွဲ နဲ့ ငါးယောက်တွဲပဲ ဆော့လို့ရမှာပါ။


Legend Division အကြောင်း
Legend ဆိုတာ Ranged Game ရဲ့အမြင့်ဆုံးအဆင့်ပါ။ Legend အဆင့်ရောက်ရင်တော့ ကြယ်တွေကို အရေအတွက်နဲ့ပဲ ပြသွားတော့မှာဖြစ်ပါတယ်။ Legend အဆင့်မှာရောက်တာနဲ့ System က အကောင့်ကို စစ်ဆေးနေတော့မှာပါ။ Ranked Game ကို တစ်ပတ်မဆော့တာနဲ့ အဲဒီ Legend အဆင့်မှာရှိတဲ့ ကြယ်တွေအားလုံးကို ဖြုတ်ချပစ်မှာပါ။ Sever တစ်ခုမှာရှိတဲ့ Legend Top (50) Players တွေအတွက် Legend ကနေ Glorious Legend လို့ နာမည်ပြောင်းပေးမှာဖြစ်ပါတယ်။ Sever တွေကအများကြီးရှိနေပါတယ်။ မိမိ ဘယ် Severမှာလဲဆိုတာတော့ မသိနိုင်ပါဘူး။ မိမိဆာဗာမှာ Legend ရောက်နေတဲ့သူတွေ များနေရင်တော့ Glorious Legend ရောက်ဖို့ အတော်ကြိုးစားရပါလိမ့်မယ်။ Legend ရောက်တာနဲ့ ကိုယ့် Profile Photo ဘေးမှာ ရွှေရောင်ဘောင်အကွက်လေးရရှိပါမယ်။ Glorious Legend ဆိုရင်တော့ ပိုလှတဲ့ဘောင်လေးရမှာပါ။


Drift Mode အကြောင်း
Draft Mode
Epic နဲ့ Legend မှာဆိုရင်တော့ ပွဲတစ်ပွဲအတွင်း Same Hero နှစ်ကောင်ကိုင်လို့မရတော့တဲ့ Draft Mode ဆိုတဲ့ Ban&Pick ဆော့ရပါပြီ။ Hero ရွေးတဲ့ အချိန်မှာ တစ်ဖက်နဲ့တစ်ဖက်ဟာ Hero တစ်ကောင်ဆီ Ban ရပါတယ်။ (5)ယောက်မြောက်ကစားသမားက Ban ရပါတယ်။ Team(A)က Ban ပြီးရင်တော့ Team(B)က Ban ရပါတယ်။ နှစ်သင်းလုံး Ban ပြီးရင် Team(A)က Hero တစ်ကောင် စပြီး Pick ရပါတယ်။ ပြီးရင် Team(B) က နှစ်ကောင် Pick ၊ Team (A)က နှစ်ကောင်ပြန် Pick ၊ Team (B)ကလည်း နှစ်ကောင်ထပ် Pick ပါတယ်။ နောက်ဆုံးမှာတော့Team (A)က နှစ်ကောင် Pick ၊ Team (B)က တစ်ကောင် Pick ရင် ပြီးပါပြီ။ ကိုယ့်အသင်းသား အချင်းချင်းလည်း Hero ချင်း လဲကိုင်လို့ရပါသေးတယ်။ အားလုံးယူပြီးတဲ့နောက်မှာ Ready အနေအထားဖြစ်ဖို့ (15)စက္ကန့်အချိန်ပေးပါတယ်။ အဲဒီအချိန်မှာ Swap(လဲ) လို့ရမှာပါ။ Swap မယ့် Hero နှစ်ကောင်လုံးကို Swap မယ့်သူနှစ်ယောက်လုံးက ပိုင်ဆိုင်ထားရမှာပါ။ တစ်ဖက်အသင်းက Hero တစ်ကောင်ယူပြီးရင် အဲဒီ  Hero ကို တစ်ဖက်အသင်းက ယူလို့မရတော့ပါဘူး။ (Epic ရောက်လို့ ဒါမှမဟုတ် Epic ရောက်နေတဲ့ သူငယ်ချင်းက Invite လုပ်လို့ Drift Mode ဆော့တော့မယ်ဆိုရင်တော့ Role တွေကို မကျွမ်းကျင်ရင်တောင် အနည်းငယ်နားလည်ပြီး ကိုင်တက်ထားဖို့လိုပါလိမ့်မယ်။ Tank Role, Marksman Role, Mage Role, Fighter Role တို့ဖြစ်ပါတယ်။ တစ်ဖက်အသင်းက ကိုယ်အကိုင်တက်ဆုံး Hero ကို Ban သွားတာတို့ Pick သွားတာတို့ဆိုရင် မိမိရဲ့Teamကို ကြည့်ပြီး ဘယ်Hero ကိုင်သင့်လဲဆိုတာ ရွေးရမှာမလို့ပါ။ မဟုတ်ရင် ဆေးထိုးသလိုဖြစ်နေပါလိမ့်မယ်။)


Star-raising Points နဲ့ Protection Points ဆိုတာဘာလဲ


Star-raising Points ဆိုတာကတော့ ကြယ်တစ်လုံး အပိုပေါင်းပေးမှာဖြစ်ပြီး Protection Points ကတော့ ကြယ်တစ်လုံးရှုံးတာကို ကာကွယ်ပေးမှာပါ။ Star-raising Points က Ranked Game နိုင်မှ Pointsတွေတိုးလာမှာဖြစ်ပြီး ပွဲတွေဆက်တိုက်နိုင်ရင် Points များများထပ်တိုးပေးမှာဖြစ်ပါတယ်။ Protection Points ကတော့ နိုင်နိုင်ရှုံးရှုံး တိုးလာမှာဖြစ်ပြီး ပွဲရဲ့MVP (ဒါမှမဟုတ်) ရွှေရမယ်ဆိုရင်တော့ ပိုပေါင်းပေးမှာဖြစ်ပါတယ်။ Star-raising Points ပြည့်သွားတာနဲ့ကြယ်တစ်လုံးထပ်ပေါင်းပေးမှာပါ။ Protection Points ပြည့်သွားတာနဲ့ ပွဲရှုံးလည်း Star တစ်လုံးမရှုံးအောင် ပြုလုပ်ပေးပါတယ်။ Higher Division မှာတော့ Star-raising Points နဲ့ Protection Points တွေ ပြည့်ဖို့ Points တွေများများလိုမှာပါ။


Season
Season တစ်ခုကို သုံးလကြာပါတယ်။ Season ပြီးသွားတာနဲ့ အဲဒီ Season သုံးလအတွင်း ကိုယ်ရောက်ရှိခဲ့တဲ့ အမြှင့်ဆုံးအဆင့်ကို ကြည့်ပြီး Season Reward တွေပေးပါတယ်။ Season Rewards တွေကတော့ -

Warrior Players Rewards
  • Premium Skin Fragment - 1
  • 100 Tickets
  • 1000 Battle Points 
Elite Players Rewards
  • Premium Skin Fragment x3
  • 200 Tickets
  • 2000 Battle Points
 Master Players Rewards
  • Season Exclusive Skin (Mystery Skin)
  • 300 Tickets
  • 4000 Battle Points
Grand Master Players Rewards
  • Season Exclusive Skin (Mystery Skin)
  • 600 Tickets
  • 7000 Battle Points
Epic Players Rewards
  • Season Exclusive Skin (Mystery Skin)
  • 1000 Tickets
  • 12000 Battle Points
Legend Players Rewards 
  • Season Exclusive Skin (Mystery Skin)
  • 1500 Tickets
  • 20000 Battle Points
Season Exclusive Skin ဆိုတာ Season သုံးလပြည့်မှ အဲဒီ Season အတွက် Reward အဖြစ် သပ်သပ်ထုတ်ပေးတဲ့ Skin ပါ။ Master နှင့်အထက်ကို သင်ရောက်ရှိခဲ့မယ်ဆိုရင် Season Reward အဖြစ် Skin သင်ရရှိပါပြီ။

1 comment: